MTG ၏သခၤ်ာစာအုပ္စင္

Search The Books You Want

Tuesday, May 4, 2021

Reference Math Book for SAT

 SAT ဆိုတာဘာလဲ


အမေရိကန်ကောလိပ်များသို့ တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြစ်သည်။ မူလက SAT ဆိုသည်မှာ Scholastic Aptitude Test (သင်ယူမှုစွမ်းရည်ကို တိုင်းတာသော စာမေးပွဲ)ဟုသတ်မှတ်ခဲ့ကြပြီး နောင်တွင် SAT ဆိုသည်မှာ Scholastic Assessment Test (သင်ယူမှုစွမ်းရည်ကို အကဲဖြတ် စစ်ဆေးခြင်း)ဟု အဓိပ္ပာယ်သတ်မှတ်ချက်ကို ပြောင်းလဲခဲ့သည်။

 SAT မှာဘာတွေ ဖြေရလဲ


အင်္ဂလိပ်စာ နှင့် သင်္ချာ ဘာသာရပ်များကို စစ်ဆေးပါသည်။ သင်္ချာဘာသာရပ်အတွက် Algebra, Data Analysis, Advanced Math ဟူ၍ ကဏ္ဍသုံးရပ်ကို စစ်ဆေးပြီး မေးခွန်းပုံစံတွင် Calculator Portion အနေဖြင့် မေးခွန်း 38 ပုဒ်ဖြေရပြီး Multiple Choice Questions - 30 ပုဒ်နှင့် အကြောင်းပြဖြေဆို ရသော မေးခွန်း - 8 ပုဒ် ဖြစ်သည်။ ဖြေဆိုချိန် (55) မိနစ် ဖြစ်သည်။ No-Calculator Portion အနေဖြင့် မေးခွန်း 20 ပုဒ်ဖြေရပြီး Multiple Choice Questions - 15 ပုဒ်နှင့် အကြောင်းပြဖြေဆို ရသော မေးခွန်း - 5 ပုဒ် ဖြစ်သည်။ ဖြေဆိုချိန် (25) မိနစ် ဖြစ်သည်။ စုစုပေါင်း မေးခွန်းဖြေဆိုချိန် (80) မိနစ်ဖြစ်သည်။ အမြင့်ဆုံးရမှတ် (800) ဖြစ်သည်။

 SAT Math ဘယ်လောက်ရရင် အောင်လဲ


နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် အောင်မှတ်ဟု ကန့်သတ်ထားခြင်းမရှိပေ။ သင်္ချာဘာသာရပ်အနေဖြင့် ပျမ်းမျှ 530 ရသင့်ပါသည်။ အမေရိကန်တက္ကသိုလ် တစ်ခုခြင်းစီ၏ မူဝါဒအရ ကောလိပ်တစ်ခုနှင့်တစ်ခု ဝင်ခွင့်ရမှတ်များ မတူညီနိုင်ပါ။ ရမှတ်ကောင်းလျှင် ဖြေဆိုသူအတွက် ရွေးချယ်ခွင့်ပိုများမည်မှာ အထူးပြောရန်မလို ဟုထင်ပါသည်။

 SAT Math အတွက်ဘာတွေလေ့လာရမလဲ


SAT Math အတွက် လေ့လာစရာ စာအုပ်အများအပြားရှိပါသည်။ လေ့လာသင့်သော စာအုပ်ကောင်းများကို ဒီ site မှာ တင်ပေးသွားပါမည်။ လက်ရှိတင်ထားသော စာအုပ်များကလည်း SAT Math အတွက်အထောက်အကူ ပြုနိုင်ပါသည်။ ယခု SAT Math Syllabus အတွက် သီးသန့်ရေးသားထားသော စာအုပ်တစ်အုပ်ကို တင်ပေးလိုက်ပါသည်။ ဒီ website မှာလဲ sat အတွက် ကြိုတင်လေ့ကျင့် ဖြေဆိုနိုင်ပါသည်။

 SAT Math အတွက် ကျူရှင်ရှိသလား


SAT Math အထောက်အကူပြု Online သင်တန်းကို Target Mathematics မှ တစ်ဦးချင်းဝိုင်းဖြင့် သင်ကြားပေးနေပါသည်။

No comments:

Post a Comment