MTG ၏သင်္ချာစာအုပ်စင်

Search The Books You Want

Tuesday, July 16, 2019

Pathfinder for Olympiad MATHEMATICS

မကြာမီ Olympiad ရာသီရောက်လာတော့မည်။ olympiad မေးခွန်းလေးများ အဖြေလေးများ ရှာကြဖွေကြ ပေမည်။ Olympiad ဆိုသည်က ဥာဏ်ရည် မြင့်မားပြီး လေ့ကျင့်မှုအားကောင်းသော talented student ကို ရှာဖွေခြင်း ဖြစ်ပါသည်။ စာမေးပွဲနီးမှ နီးစပ်ရာရှာဖွေ လေ့ကျင့်ရသော အရာမဟုတ်ပေ။ ဆရာ/ ဆရာမများကို အကြံပေးလိုသည်မှာလည်း မေးခွန်းနှင့် အဖြေ လက်ပူတိုက် လေ့ကျင့်ပေးပြီး တစ်ပွဲတိုး ဖြေဆိုခြင်းသည် ထိရောက်သော လေ့လာမှုမဟုတ်ပဲ အချိန်ကုန် ရုံသာ ဖြစ်စေပါသည်။ 

Olympiad စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်သော အရည်အသွေးရှိသည်ဆိုပါက တစ်ပွဲတိုးလေ့ကျင့်စေ ခြင်းထက် အချိန်တစ်ခုယူပြီး စဉ်ဆက်မပြတ် လေ့လာလေ့ကျင့်စေလိုပါသည်။ ကျောင်းသားများသာ မဟုတ် ဆရာများကိုယ်တိုင် တတ်စွမ်းသ၍ လေ့လာလေ့ကျင့်မှ ဖြစ်ပါသည်။ 

မေးခွန်းဟောင်းလေးရှာဖတ်ရုံနှင့် လုံလောက်သော စာမေးပွဲမျိုးမဟုတ်သည်ကို သတိပြုစေချင်ပါသည်။ အိုလံပစ်သင်္ချာသည် pure math ကို အဓိကမေးလေ့ရှိပြီး လက်ရှိသင်ရိုးတွင် မပါသော သင်္ခန်းစာများလဲ ပါဝင်ပါသည်။ Olympiad Mathematics တွင်မေးလေ့ရှိသော သင်္ချာကဏ္ဍများမှာ Polynomials, Inequalities, Mathematical Induction, Number Theory, Combinatorics, Plane Geometry တို့ဖြစ်ကြရာ Mathematical Induction, Number Theory, Combinatorics, တို့သည် ကျောင်းသားများ လုံးဝမသိသေးသော သင်္ချာကဏ္ဍများ ဖြစ်ပါသည်။ ထို့ကြောင့်မေးခွန်းဟောင်း လေ့လာရုံနှင့် နာလည်မည် မဟုတ်ပဲ သင်ရိုးတစ်ခု သဖွယ် ဆရာကောင်းကျောင်းသားပါ ပူးပေါင်းသင်ယူမှသာ အောင်မြင်မှု ရနိုင်ပါသည်။ 

ထို့သို့လေ့လာရန် စာအုပ်ကောင်းများစွာ ရှိသော်လည်း ယခုစာအုပ်သည် ကဏ္ဍစုံပါဝင်ခြင်း ရှင်းလင်း ချက်များ ပါဝင်ခြင်း နမူနာပုစ္ဆာများ အဖြေများကို အဆင့်လိုက် ရှင်းလင်းထားသောကြောင့် ဆရာ ကျောင်းသား အလွယ်တကူ လေ့လာသင်ယူနိုင်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။ 

သင်ယူလေ့လာပညာ ရှာနိုင်ကြပါစေ။
https://www.mediafire.com/file/23owsmohcjihsdp/Pathfinder_for_Olympiad_Mathematics_by_Vikas_Tiwari_and_V_Seshan_for_RMO_INMO_IMO_Math_Olympiad_Foundation.pdf/file

No comments:

Post a Comment