MTG ၏သင်္ချာစာအုပ်စင်

Search The Books You Want

Sunday, June 30, 2019

Edexcel International GCSE (9-1) mathematics A (1, 2) : Student Books

မြန်မာနိုင်ငံ၏ အထက်တန်းဆင့် လက်ရှိသင်ရိုးသည် ယခင် GCE-O level အဆင့်ကို အခြေခံခဲ့သည် ဟုလေ့လာခဲ့ဘူးသည်။ အခြားဘာသာရပ်ကို အသေအချာ မသိသော်လည်း သင်္ချာသည် O-level အဆင့်ထက် ကျော်လွန်သည် ဟု ထင်မြင်မိပါသည်။ O level အဆင့်ကို ကျော်လွန်သည် ဆိုရာဝယ် ဂုဏ်ယူ ၀မ်းမြောက်ဖွယ်ဟု လည်း မဆိုနိုင်ပါ။ 

အဘယ်ကြောင့်ဆိုသော် ... တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းများကသာ အဆင့်မြင့်နေပြီး လက်ရှိ မြန်မာနိုင်ငံပြဌာန်း စာအုပ်များတွင် မပြည့်စုံမှုများ၊ လိုအပ်ချက်များ၊ ရှိနေဆဲဖြစ်သောကြောင့်ပင်...။ ဘာတွေ မပြည့်စုံလဲ ဘာတွေ လိုအပ်နေလည်းဆိုသည်ကို တော့ နိုင်ငံတကာ ပြဌာန်းစာအုပ်များဖြင့် ယှဉ်တွဲလေ့လာကြည့်လျှင် အထင်အရှားတွေ့မြင်နိုင်ပါသည်။ သင်ရိုးပြဌာန်းချက်တွင် တိတိကျကျ ဖော်ပြထားခြင်းမရှိသော်လည်း စာအုပ်၏ အစိပ်အပိုင်းတစ်နေရာတွင် ပါဝင်နေပါက မေးခွန်းတွင် မေးလေ့ရှိသည်ကို မေးခွန်းဟောင်းများတွင် တွေ့မြင်နိုင်ပါသည်။ မေးခွန်းဟောင်း တွင်းမေးခဲ့သော မေးခွန်း အချို့သည်လည်း အများအားဖြင့် အိန္ဒိယ iit jee exam တွင် မေးခဲ့သော မေးခွန်းဟောင်းများကို ကူးယူမေးမြန်း ခဲ့ကြပါသည်။  အနီးဆုံး 2019 တက္ကသိုလ်ဝင် စာမေးပွဲ တွင်မေးခဲ့သော No.14(b) မေးခွန်းသည်လည်း ဒီမေးခွန်း  (စာသားကို လက်နဲ့ထိပါ) ကို ကူးယူထားခြင်း ဖြစ်ကြောင်း တွေ့ရပေမည်။

ထိုသို့မပြည့်စုံခြင်းမှာ မြန်မာနိုင်ငံ ပညာရှင်များက လိုအပ်ချက်ရှိနေလို့လား ဆိုက ပညာရပ်ပိုင်းဆိုင်ရာ အရ လုံးဝမဟုတ်ပါဟု ဆိုချင်ပါသည်။ သို့သော် ပြည့်စုံသော သင်ရိုးစာအုပ်တစ်အုပ် ဖြစ်မြောက်ဖို့ ပြင်ဆင်ရန် ငွေကြေးမပြည့်စုံ (ဆင်းရဲသော နိုင်ငံ) သောကြောင့်ဟု ယျေဘုယျ ဆိုနိုင်ပါသည်။ ယခုတွင် JICA ၏ အကူအညီဖြင့် သင်ရိုးများကို ပြင်ဆင်နေပြီ ဖြစ်ပါသည်။ 

သို့သော် စာအုပ်တစ်အုပ်သည် ပြီးပြည့်စုံမှုကို အမြဲပေးနိုင်မည် မဟုတ်သောကြောင့် အခြားကိုးကားရန် စာအုပ်ကောင်းများစွာကိုလည်း ဆရာများအနေဖြင့် လေ့လာထားရန် အရေးကြီးပါသည်။ ဘာသာပြန် စာအုပ်များကိုသာ အားထားလွန်းခြင်းသည် ဆရာများ၏ အရည်အသွေးကိုး လျော့ကျစေပါသည်။ English သည် အဆင့်မြင့်ဘာသာရပ်များ ဆက်လက် လေ့လာရန် အရေးပါသော tools ဖြစ်သောကြောင့် မူရင်းစာအုပ်များကို ကြိုးစားလေ့လာသင့်ပါသည်။ 

ယခု Edexel IGCSE student book (1, 2) သည် မြန်မာနိုင်ငံ သင်ရိုးနှင့် နီးစပ်ပြီး ရှင်းလင်းချက် နှင့် အသုံးချ အပိုင်းများလည်း ပြည့်ပြည့် စုံစုံ ဖော်ပြထားရာ ဆရာများအတွက်ကော ကျောင်းသားများ အတွက်ပါ များစွာ အထောက်အကူဖြစ်စေမည် ဟု ယူဆပါသည်။

https://www.mediafire.com/file/i6a7zy68ydu56yh/Edexcel_International_GCSE_%289-1%29_mathematics_A_1.pdf/file

 https://www.mediafire.com/file/lqccjbbzvzo6c5l/Edexcel_International_GCSE_%289-1%29_mathematics_A_2.pdf/file

No comments:

Post a Comment