MTG ၏သင်္ချာစာအုပ်စင်

Search The Books You Want

Friday, March 22, 2019

The Trachtenberg Speed System of Basic Mathematics


Russia (ယခု Ukraine) နိုင်ငံသား Jakow Trachtenberg ဟာ 1888 မှာ မွေးဖွားခဲ့ပြီး သတ္တုတူးဖော်ရေး အင်ဂျင်နီယာ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက် အဖြစ် ဟစ်တလာရဲ့ နာဇီအကျဉ်းစခန်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ခက်ခဲပင်ပန်းခဲ့တဲ့ အကျဉ်းသားဘ၀မှာပဲ Jakow Trachtenberg ဟာ ကိန်းဂဏန်းသင်္ချာ တွက်ချက်မှု တွေကို လျင်မြန်စွာ အဖြေထုတ်နိုင်တဲ့ စိတ်တွက်သင်္ချာ နည်းစနစ်တွေကို ရှာဖွေ တွေ့ရှိနိုင်ခဲ့ပါတယ်။ စာအုပ်၊ ခဲတံမရှိတဲ့ အကျဉ်းထောင်းအတွင်းမှာ Trachtenberg ဟာ သူရဲ့ တွေ့ရှိချက်တွေကို စက္ကူစုတ်၊ စာအိတ်ခွံ စသည်တို့ပေါ်မှာ နည်းအမျိုးမျိုးသုံး မှတ်တမ်းတင်ပြီး လျှို့ဝှက်သိမ်းဆည်း ခဲ့ပါတယ်။

1945 မှာတော့ Trachtenberg ဟာ နာဇီအကျဉ်းစခန်းက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် သူရဲ့ နည်းစနစ်တွေဟာ အမှန်တကယ် အသုံးဝင်ကြောင်း သက်သေပြနိုင်ဖို့ 1950 မှာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တော်မှာ သင်္ချာကျောင်းတော် ကို တည်ထောင်ပြီး သင်္ချာညံ့တယ်ဆိုတဲ့ ကျောင်းသားတွေကို သင်ပေးရင်း ကျောင်းသားတွေဟာ ဂဏန်းတွက်စက်တွေကို အနိုင်ယူနိုင်တဲ့ အထိထူးချွန်လာခဲ့ကြပါတယ်။

ကဲ... Trachtenberg ရဲ့ နည်းစနစ်တွေ စိတ်ဝင်စားလောက်မယ် ထင်ပါတယ်။ အောက်မှာ download ယူပါ။

https://www.mediafire.com/file/stads2hgzy67i1v/The_Trachtenberg_Speed_System_of_Basic_Mathematics.pdf/file

No comments:

Post a Comment