Geometry သည် နေ့စဉ်လူနေမှုဘ၀တွင်လည်း အရေးပါသကဲ့သို့ ကျောင်းသင်းခန်းစာများ တွင်လည်း မသင်မနေရ ဘာသာရပ်တစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် Geometry သည် လက်တွေ့ အသုံးချသင်္ချာ (applied mathematics) ဖြစ်နေသောကြောင့်ပင်။ သင်္ချာထူးချွန်လိုသော ကျောင်းသားတိုင်း သည် Geometry ကို မဖြစ်မနေ လေ့လာရမည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲ (IMO) တွင် Geometry Problem သည် ဖြေဆိုတိုင်း အလေးထားသော ပုစ္ဆာတစ်ပုဒ် ဖြစ်ပါသည်။ အလေးထားရသလောက်လဲ ဖြေဆိုမှု အဆင့်တိုင်းသည် နက်နဲလွန်းပါသည်။
ဤစာအုပ်သည် အမေရိကန် IMO အသင်း၏ အုပ်ချုပ်သူလည်းဖြစ် နည်းပြလည်းဖြစ်သော Evan Chen ရေးသားထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်။ အိုလံပစ်ပြိုင်ပွဲများတွေ မေးလေ့ရှိသော geometry problem အတွက်လိုအပ်သော background knowledge နှင့် မေးခွန်းဟောင်းများ ရှင်းလင်းချက်ဖြစ်ပြီး သင်္ချာဝါသနာရှင်များ၊ geometry ကို စိတ်ဝင်စားသူများ၊ နက်နဲသော ပုစ္ဆာများကို စိတ်ဝင်စားသူများ နှင့် Olympiad ပြိုင်ပွဲဝင်ရန် လေ့လာလေ့ကျင့် နေသူများ မဖြစ်မနေ လက်ကိုင်ထားလေ့လာသင့်သော စာအုပ် ကောင်းတစ်အုပ်ဟု ဆိုနိုင်ပါသည်။
Evan Chen ၏ website လည်းရှိပြီး ၎င်းရေးသားသော သင်ခန်းစာများ မှတ်စုများကိုလည်း ၎င်း၏ website : http://web.evanchen.cc တွင်သွားရောက်လေ့လာနိုင်ပါသည်။
No comments:
Post a Comment