MTG ၏သင်္ချာစာအုပ်စင်

Search The Books You Want

Tuesday, April 24, 2018

GeoGebra CLASSIC 5 FOR STEM

input မှာ (coordinate) ကို ရိုက်ထည့်ပေးလိုက်ရင် အမှတ်တစ်ခုကို cartesian plane ပေါ်မှနေရာ ချပေးမယ်။

input မှာ function တစ်ခုကို ရိုက်ထည့်လိုက်တာနဲ့ function ကို graph ဆွဲပေးမယ်

နေရာချထားတဲ့ အမှတ်နှစ်ခုကို မျဉ်းတစ်ကြောင်းနဲ့ ဆက်ပေးလိုက်ရင် အလျားဘယ်လောက်ရှိသလဲ ဖေါ်ပြပေးမယ်။

မျဉ်းတစ်ကြောင်းကို ထောက်လိုက်ပြီး၎င်းနဲ့ ပြိုင်တဲ့ မျဉ်းတစ်ကြောင်း၊ ထောင့်မတ်ကျမျဉ်းတစ်ကြောင်း၊ ထောင့်မတ်ကျ ထက်ဝက်ပိုင်းမျဉ်းတစ်ကြောင်း လိုအပ်သလို ဆွဲပေးမယ်။

ထောင့်လက်တံနှစ်ခုနဲ့ ထောက်စွန်းမှတ်ကို ထောက်လိုက်တာနဲ့ ထောင့်တန်ဖိုးကို ဖေါ်ပြပေးမယ်။

ထောင့်လက်တံတစ်ခုမှာ ထောက်ပြီးတန်ဖိုး ရိုက်ထည့်လိုက်တာနဲ့ လိုချင်တဲ့ပမာဏရှိတဲ့ ထောင့်တစ်ခုကို ဆွဲပေးမယ်။

ထောင့်တစ်ခုကို ထောက်လိုက်တာနဲ့ ထောင့်ထက်ဝက်ပိုင်းမျဉ်း အလိုအလျောက် ဆွဲပေးမယ်။

ဗဟိုအမှတ်နဲ့ အချင်းဝက်ပမာဏကို သတ်မှတ်ပေးလိုက်တာနဲ့ စက်ဝိုင်းတစ်ခု အလိုအလျောက် ဆွဲပေးမယ်။

ကြိုက်ရာအမှတ်တစ်ခုကို ဗဟိုပြုပြီး လိုချင်တဲ့ အရွယ်အစားအတိုင်း စက်ဝိုင်းတစ်ခုဆွဲပေးမယ်။

စက်ဝိုင်းတစ်ခု (သို့) မျဉ်းကွေးတစ်ခုပေါ်မှာရှိတဲ့ ကြိုက်ရာအမှတ်တစ်ခုကို ထောက်လိုက်တာနဲ့ tangent မျဉ်းတစ်ကြောင်း အလိုအလျောက် ဆွဲပေးမယ်။

တစ်ဖြောင့်တည်းမဟုတ်သော အမှတ်သုံးမှတ်ကို ထောက်လိုက်တာနဲ့ ၎င်းအမှတ်သုံးမှတ်ကို ဖြတ်သွားတဲ့ စက်ဝိုင်းတစ်ခု အလိုအလျောက်ဆွဲပေးမယ်။

အနားတန်ဖိုးနဲ့ အရေအတွက်သတ်မှတ်လိုက်တာနဲ့ ဥသုံညီ ဗဟုဂံတစ်ခု အလိုအလျောက်ဆွဲပေးမယ်။

ဆွဲထားတဲ့ပုံမှာရှိတဲ့ line, curve, circle, point, တို့ ကိုထောက်လိုက်တာနဲ့ သက်ဆိုင်တဲ့ geometry data (equation, function, coordinate, locus, etc) ကို အလိုအလျောက် ပြပေးမယ်။

ဆွဲထားတဲ့geometry diagram တစ်ခုဟာ(static) အသေမဟုတ်ပဲ လိုအပ်သလို ပြုပြင်ပြောင်းလဲ ရွှေ့ပြောင်း (dynamic) နိုင်တယ်။

အခြားအခြား advanced features တွေကို ဥာဏ်ကွန့်မြူးသလောက် static diagram, animation, တွေ ထုတ်ပေးနိုင်တယ်။

Algebra ပိုင်းဆိုင်ရာတွက်ချက်မှုတွေ အများကြီး လုပ်ဆောင်နိုင်မယ်။

အသုံးပြုပုံကို Eng နဲ့ ရေးထားတဲ့ စာအုပ်တွေ များစွာရှိသော်လည်း မြန်မာလိုရေးထားတဲ့ စာအုပ်ကတော့ အခုမှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Book Name : GeoGebra CLASSIC 5  FOR STEM
Author : Alexander Htun
Edition : 1st Edition
Content :
(၁) မိတ်ဆက်
(၂) အခြေခံပုံ ဆွဲသားခြင်းဆိုင်ရာ အချက်များ
(၃) ဗဟုဂံ ဆိုင်ရာများ ဆွဲသားခြင်း
(၄) စက်ဝိုင်းများ ဆွဲသားခြင်း
(၅) ပတ်လည်အနား၊ ဧရိယာ နှင့် ထုထည်များ
(၆) အက္ခရာ ဆိုင်ရာ တွက်ချက်မှုများ
(၇) တက္ကသိုလ်ဝင်တန်း ပုစ္ဆာများ
(၈) စာရင်းအင်းသင်္ချာနှင့် ဖြစ်တန်စွမ်း
(၉) ဂျီသြမေတြီဆိုင်ရာများ
(၁၀) ထြီဂို ဆိုင်ရာများ
(၁၁) ကဲကုလ
(၁၂) နည်းပညာ ဆိုင်ရာများ
(၁၃) ရုပဗေဒ ဆိုင်ရာများ
(၁၄) အင်ဂျင်နီယာ ဆိုင်ရာများ
https://drive.google.com/file/d/1hwZXXo_t91aQWM-fV2FGhriEGFFHJlmo/view

No comments:

Post a Comment